လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အတူပူးပေါင်း၍ (၂၅-၁၁-၂၀၂၀)ရက်နေ့၊ (၀၉း၀၀)နာရီအချိန်မှ(၁၃း၀၀)နာရီအချိန်ထိ မော်လမြိုင်ကျွန်းမြို့နယ်၊ ဘုရားချောင်းတံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ဝါးနက်ချောင်းကျေးရွာ၊ တံခွန်တိုင်ကြီးကျေးရွာ၊ တံခွန်တိုင်လေးကျေးရွာ၊ ဘုရားချောင်းကျေးရွာနှင့် ကျွဲတလင်းကျေးရွာ တို့အတွင်း Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များအား အများပြည်သူတို့ သိရှိလိုက်နာနိုင်စေရန် Hand Speaker၊ Loud Speaker များဖြင့် ကွင်းဆင်း လှည့်လှည်၍ အသိပညာပေးခြင်းနှင့် နှာခေါင်းစည်း(Mask)များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2020
Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)