
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက် နေ့တွင် ဖျာပုံမြို့နယ်ရှိ ကျုံတာကျေးရွာ၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့် ပတ် သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာ ပေးခြင်းနှင့် Mask နှာခေါင်းစည်းများဖြန့်ဝေပေးခြင်းများ၊ သဘာဝဘေးအန္တရာယ် (မီးဘေး) အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_nov2020