လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦး စီးဌာန၊ လားရှိုးမြို့နယ်ကြက်ခြေနီအသင်းတို့နှင့် ပူးပေါင်း၍ (၂၄-၁၁-၂၀၂၀) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုးမြို့နယ်၊ တာပုံကျေးရွာအုပ်စု၊ မောက်ကာစိုင်းကျေးရွာ၊ နားလှိုင်မန် ကောင်းကျေးရွာနှင့် ညနေပိုင်းတွင် ခါးသျှိကျေးရွာအုပ်စု၊ ခါးသျှိကျေးရွာတို့၌ COVID-19 ကူးစက် မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်း နှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြော ခဲ့ပြီး၊ Mask နှင့် COVID-19 ကာကွယ်နိုင်ရန် နှာခေါင်းစည်းကို အသုံးပြုခြင်းဆိုင်ရာ အကြံပြု ချက်များ၊ နှာခေါင်စည်းကိုအသုံးပြုရာတွင် လိုက်နာရမည့် အချက်များ၊ COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေးပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင် ရွက်ခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#shn_nov2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)