COVID_19 ကူးစက်ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာ ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့၌ မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့နှင့်ပူးပေါင်း၍ Covid-19 ကူးစက်ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန် အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ သဘာဝဘေးအန္တရာယ်နှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန်များအား မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ စိုက်ပျိုးရေးသိပ္ပံ (မြေနီကုန်း) ရှိ Community Based Facility Quarantineတွင် ရောက်ရှိနေထိုင်သည့် ပြည်သူ (၁၃၀) ဦးခန့်အား (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀) နာရီအချိန်ထိလည်းကောင်း သထုံမြို့နယ် အ.ထ.က(၁) စာသင်ကျောင်းရှိ Community Based Facility Quarantine တွင် ရောက်ရှိနေထိုင်သည့် ပြည်သူ (၁၃၅) ဦးခန့်အား (၁၃:၀၀) နာရီအချိန်မှ (၁၄:၃၀) နာရီ အချိန်ထိလည်းကောင်း ပြည်သူများသိရှိစေရန် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော် ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_nov2020

Sign Up

Upcoming Events