Covid-19 ကူးစက်ရောဂါအသိပညာပေး ဆောင်ရွက်မှု

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄.၁၁.၂၀၂၀) ရက်နေ့ ၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည်(၁၃:၃၀)နာရီအချိန်အထိ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များတွင် Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်များကို အများပြည်သူများ သိရှိစေနိုင်ရန် အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar

#ayy_nov2020

Source:             မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events