
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၁၁-၂၀၂၀) ရက်နေ့တွင် ပြည်မြို့နယ်ရှိ ရွှေတံခါးဈေး၊ ခေတ္တရာမြို့သစ်ဈေး၊ ကိုးသောင်းဈေး၊ ပြည်မြို့မဈေး၊ အောင်မင်္ဂလာဈေးနှင့် ကသည်းဈေးတို့တွင် (Covid-19) ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် လော်စပီကာဖြင့် အသိပညာပေးခြင်း၊ လေဘေး၊ ငလျင်ဘေး အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အား ပြည်မြို့နယ်ပြန်/ဆက်နှင့်ပူးပေါင်း၍ အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_nov2020