လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀)ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှစ၍ လပွတ္တာမြို့နယ်၊ ကုက္ကိုကျေးရွာအုပ်စု၊ ကုက္ကိုကျေးရွာ၊ ခနောင်းကျေးရွာ၊ သိုင်းကုန်းကျေးရွာ၊ ကညင်ကွင်းကျေးရွာ၊ ဓနိချောင်းကျေးရွာ၊ ကျောင်းစုကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Loud Speaker ဖြင့်လှည့်လှည်၍ အသိပညာပေးဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့် Masks များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)