လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၁၁-၂၀၂၀) ရက်နေ့တွင် သံသရာအေးလူမှုအထောက်အကူပြု ပရဟိတအသင်းတိုနှင့်ပူးပေါင်း၍ မြိတ်မြို့နယ်၊ ကျောက်ဖျာ၊ အဒွင်း၊ ကဘင်း၊ အထူးဆိပ်၊ လွတ်လွတ်ကျးရွာတို့တွင် COVID-19 ကူးစက်ရောဂါ ( ဒုတိယလှိုင်း) မဖြစ်ပွားစေရေးအတွက် အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များကို အသိပညာပေးဆောင်ရွက်ခဲ့ပြီး၊ လက်ကမ်းစာစောင်နှင့် Maskများဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#tny_nov2020
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)