လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၂၀) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ရပ်ကွက်အမှတ် (၁)၊(၂)၊(၃)၊(၄)၊(၅)၊(၆)၊(၇)နှင့်ကပ်ကျေးအင်းအုပ်စု(ကပ်ကျေးအင်း၊ကန်စွယ်)ရွာကြီးအုပ်စု(ရွာကြီး)ကေျးရွာများသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်အတွင်းရှိ တပျော်အုပ်စု၊ သရက်ပင်အုပ်စု၊ ရေဝေအုပ်စုရှိ ကေျးရွာများနှင့်မြို့သစ်ကွက်သစ်ရှိ ရပ်ကွက်များနှင့် ပေါက်ချောင်းရပ်ကွက်သို့လည်းကောင်း Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် ရာသီအလိုက်ဖြစ်ပွားလေ့ရှိသော သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)