လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးနှင့်တာဝန်ရှိသူများသည် ရန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့်အစိုးရအဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်အတူ (၂၀-၁၁-၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သန်လျင်မြို့၊ သဘာဝတရားရိပ်သာ သတိပဌာန်ဓမ္မာရုံကျောင်းတိုက်ရှိ သဘာဝတရားရိပ်သာမှ သံဃာတော်(၅၀၈)ပါး၊ သီလရှင်(၄၇၂)ပါး၊ သက်ကြီးယောဂီ(၁၀၉၃)ဦး၊ မသန်စွမ်း၊လေဖြတ်၊ဆွံ့အနားမကြား(၉၄၁) ဦး၊ တစ်ပါးဆောင်နှင့် ကိုယ်ပိုင်ဆောင်များမှ (၄၇၂) ဦး၊ ဝေယျာဝစ္စယောဂီနှင့်မှီခိုယောဂီ(၈၁၄)ဦးတို့အတွက် ဆန် ၅၀ ကီလိုပါအိတ်ဖြင့် (၁၁၆၁)အိတ် (၅၈.၀၅) တန်၊ ပဲ (၅၀) ကီလိုပါအိတ်ဖြင့် (၁၅၅) အိတ် (၇.၇၃၉) တန်၊ ဆီ (၁၈.၂) ကီလိုပါကာတွန်းဖြင့် (၂၁၅) ဖာ (၃.၉၁၃) တန်၊ ဆား (၄၅) ကီလိုပါအိတ်ဖြင့် (၁၅) အိတ် (ဝ.၆၄၅) တန်၊ ပစ္စည်း (၄) မျိုးစုစုပေါင်း (၇၀.၃၄၇) တန်၊ တန်ဖိုးငွေကျပ် (၄၄,၈၄၅,၅၀ဝိ/-) တိတိကို ဆက်ကပ်လှူဒါန်းခဲ့ရာ အဆိုပါဆက်ကပ်လှူဒါန်းပွဲသို့ တက်ရောက်ခဲ့ကြပြီး လှူဖွယ်ပစ္စည်းများကို ဦးစီးပဓာနနာယကဆရာတော်ထံ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)