လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar နှင့်ပူးပေါင်း၍ (၂၂-၁၁-၂၀၂၀)ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစတင်ကာ လပွတ္တာမြို့နယ်၊ ဘိုင်းဒေါင့်ချောင်းကျေးရွာအုပ်စု၊ ဘိုင်းဒေါင့်ချောင်းကျေးရွာ၊ ဘိုကုန်းကျေးရွာ၊ ကုန်းကြီးကျေးရွာ၊ ကဒန်းကြီးကျေးရွာနှင့် ချစ်တီးကုန်းကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို Loud Speaker ဖြင့် လှည့်လှည်၍ အသိပညာပေးခြင်း၊လက်ကမ်းစာစောင်များ၊ Masks များနှင့် ရေသန့်ဆေးထုပ်များအား ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)