လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၉-၂၀၂၀) ရက်နေ့မှ (၂၀-၉-၂၀၂၀ ) ရက်နေ့အထိ တိုက်ခတ်ခဲ့သော အပူပိုင်းမုန်းတိုင်း ”နိုလ်” ၏အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းရိုတ်ခက်ကာ ပျက်စီးသွားခဲ့သော ကျွန်းစုမြို့နယ်၊ စခန်းသစ်ကျေးရွာအုပ်စု၊ စခန်းသစ်ကျေးရွာရှိ အရှည် (ပေ ၄၂၅) ရှိ ကမ်းနားကွန်ကရစ်လမ်းအား ကျောက်စီရေကာတာတန်းနှင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ပြန်လည်တည်ဆောက်မှုအခြေအနေအား (၂၂-၁၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ကျွန်းစုမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့နှင့်အတူ ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)