မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အမာမြို့နယ်၊ဒေါ်ညိမ်းကျေးရွာအုပ်စု၊ ခါးပြတ်ကျေးရွာရှိ နယ်မြေ(၅)ရွေထီးလမ်း၌ (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၀၁:၄၀)နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် အိမ်ခြေ(၆)လုံးမီးလောင်ဆုံးရှုံးခဲ့ပြီး၊ အိမ်ခြေ(၂)လုံးမီးတားကြိုတင်ဖျက်သိမ်းခဲ့ရာ အိမ်ထောင်စု(၆)စုမှ လူဦးရေ(၃၀)ဦးတို့ မီးဘေးသင့်ခဲ့ပါသဖြင့် အဆိုပါမီးဘေးသင့်အိမ်ထောင်စုများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၆၀၀,၀၀ဝိ/-)၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ်(၆၃,၀၀ဝိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး(၆)အိမ်ထောင်စုစာတို့နှင့် မီးတားကြိုတင်ဖျက်သိမ်း နေအိမ်(၂)လုံးအတွက် ထောက်ပံငွေကျပ်(၁၀၀၀၀ဝိ/-)၊ စုစုပေါင်းထောက်ပံငွေကျပ်(၇၆၃၀၀ဝိ/-)အား အမျိုးသားလွတ်တော်ကိုယ်စားလှယ်နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၀:၀၀)နာရီအချိန်၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fir
#ayy_nov2020
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events