COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာ ပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၁-၁၁-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ကုန်းတောင်းအုပ်စု(ကုန်းတောင်းတောင်/မြောက်/အနောက်)၊ ညောင်အိုင်အုပ်စု(ကမ္ဘားမြင့်၊ ညောင်အိုင်)၊ ဘုရားကုန်းအုပ်စု(ဘုရားကုန်း၊ ရွှေလှံတောင် /မြောက်) ကျေးရွာများသို့လည်းကောင်း၊ မိတ္ထီလာမြို့နယ်အတွင်းရှိ မြင်းကန်အုပ်စု(မြင်းကန်၊ ဆည်ကုန်း၊ မြိုင်ဃ၊ ဆင်စလွယ်၊ ဝက်ကုန်း၊ ထနောင်းကုန်း၊ အိုင့်၊ သနပ်အိုင့်)၊ သီးကုန်းအုပ်စု(သီးကုန်း၊ မကျီးချို၊ တုံ့အိုင်၊ ကျွဲဒတ်ပင်)နှင့် မုန်တိုင်အုပ်စု(ခံပင်အိုင့်၊ လဲတော၊ သရက်ခြံ၊ ဖလန်ကျင်း၊ ညောင်ပင်သာ၊ မုန်တိုင်)ကျေးရွာများရှိ ပြည်သူများအား Covid-19 ရောဂါ ကူးစက်ပြန့်ပွားမှုများမဖြစ်ပွားစေရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းနှင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်အများအား အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#mdy_nov2020

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events