ကမ်းပါးယံကျောက်ကြောမြေပြိုကျမှုကြောင့် မြေစာပိသေဆုံးခဲ့သူအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မမုံ၊ အထက်မက်လင်ချောင်ကျေးရွာဧရိယာရှိ YTT သက်တမ်းကုန်လုပ်ကွက်ကျင်းဟောင်းအောက်ခြေ၌ (၁၈-၁၁-၂၀၂၀) ရက်နေ့တွင် အမြင့်ပေ(၃၀)ခန့် ကမ်းပါးယံကျောက်ကြောမြေပြိုကျမှုကြောင့် မြေစာပိသေဆုံးခဲ့သူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀)ကျပ်အား (၂၁-၁၁-၂၀၂၀) ရက်နေ့၊ (၁၀:၄၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_nov2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events