COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် AVSI FOUNDATION Myanmar နှင့်ပူးပေါင်း၍ (၂၁-၁၁-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှစတင်ကာ လပွတ္တာမြို့နယ်၊ ဆားချက်ကျေးရွာအုပ်စု၊ ဆားချက်ကျေးရွာ၊ သိပ္ပံကုန်းကျေးရွာ၊ ချမ်းသားအေးကုန်းကျေးရွာ၊ တာလူဖတောကျေးရွာနှင့် ဘိုသင်ကုန်းကျေးရွာများအတွင်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးခြင်းများကို Loud Speaker ဖြင့် လှည့်လှည်အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်များ၊ Masks များနှင့် ရေသန့်ဆေးထုပ်များအား ဝေငှခြင်းတို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_nov2020
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events