ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ နောက်မီးကျေးရွာအုပ်စု၊ နောက်မီးအအရှေ့ဘက်ကမ်းကျေးရွာ၌ (၁၇-၁၁-၂၀၂၀) ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းခဲ့သည့် အိမ်ခြေ(၁)လုံး၊ ၄င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၃)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၀၀၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး(၆၃၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ(၁၀၆၃၀၀)ကျပ်ကို (၂၀-၁၁-၂၀၂၀)ရက်နေ့၊ (၁၄:၀၀)နာရီအချိန်တွင်တာ၀န်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events