COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့နယ်ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ (၂၀-၁၁-၂၀၂၀) ရက်နေ့၊ ညနေပိုင်းတွင် လားရှိုးမြို့နယ်၊ ဟိုပိတ်ကျေးရွာအုပ်စု၊ ဟိုပိတ်ကျေးရွာ၊ မန်ကတ်ကျေးရွာတို့၌ COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး COVID-19 ကာကွယ်ရေး စနစ်ကျလက်ဆေးပေး ပါဝင်သည့် လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင်ပေးခြင်း၊ အပူချိန်တိုင်းကိရိယာဖြင့် ကိုယ်အပူချိန်တိုင်းပေးခြင်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2020
Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events