လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မယ်စဲ့မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့တွင် မယ်စဲ့မြို့နယ်၊ ဟိုဂျစ်ကျေးရွာအုပ်စု၊ ဟိုဂျစ်ကျေးရွာလမ်းဆုံကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါပြန့်ပွားမှုမဖြစ်ပွားစေရန် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မယ်စဲ့မြို့နယ်ဦးစီးမှူးရုံး (ဘစမ)