~
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်မှစ၍ နေ့လည် (၁၃:၀၀) နာရီအချိန်အထိ မြောင်းမြ ခရိုင်၊ ဝါးခယ်မမြို့နယ်အတွင်းရှိ ရွာလယ်ရပ်ကွက်၊ ဆေးရုံရပ်ကွက်၊ ဈေးရပ်ကွက်၊ ရေကျော် ရပ်ကွက်၊ စာရေးကုန်းရပ်ကွက်၊ မင်းပိုင်းရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ သံကြိုးတိုင် ရပ်ကွက်တို့တွင် Covid-19 ကူးစက်ရောဂါနှင့် ပတ်သက်၍ ပြည်သူများအား အသိ ပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_nov2020