လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၁-၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ်အတွင်းရှိ IDPs စခန်း(၆)ခုမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု(၃၈၉)စု၊ လူဦးရေ (၁၈၈၆)ဦးအတွက် အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်(၂၇၆)အိတ်၊ ဆီ(၃၈၉) ပိဿာ၊ ဆား(၁၉၅)ပိဿာနှင့် ကုလားပဲ(၃၈၉)ပိဿာ (၁၄)ရက်စာအား ကွင်းဆင်းထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#shn_nov2020
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)