လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နေ့လည်(၁၄း၀၀)အချိန်တွင် ပန်းတောင်းမြို့နယ်၊ ဖန်ခါးပင်ကျေးရွာ၊ တယ်ပင်ကျိုး ကျေးရွာ၊ ကျီးပင်ကန်ကျေးရွာ၊ ဘုရားပေါ်ကျေးရွာနှင့် ငါးဆယ်ပေးကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် မီးဘေး၊ လေဘေး ၊ငလျင်ဘေး ဆောင်ရန်၊ ရှောင်ရန်များကို အသံချဲ့စက်ဖြင့်လှည့်လှည်ဟောပြော၍ ဗီနိုင်းပိုစတာများ ကပ်ခြင်းတို့ကို ပြည်ခရိုင်ဦးစီးမှူးရုံးနှင့် ပန်းတောင်းမြို့နယ်မီးသတ်တပ်ဖွဲ့တို့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#bgo_nov2020
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)