လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက် နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မောင်တော-တောင်ပြိုကားလမ်းမ (ကျွန်းပေါက်နှင့်လိပ်ရကြား) ပေါ်၌ မိုင်းပေါက်ကွဲမှုကြောင့် မောင်တောမြို့နယ် (မြောက်ပိုင်း) သာယာကုန်းကျေးရွာမှ ဒဏ်ရာရရှိသူ (၄) ဦးတို့အတွက် ထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်အား (၁၈-၁၁-၂၀၂၀) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_otr
#rke_nov2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)