
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ နံနက်ပိုင်းတွင် (COVID-19) ရောဂါကူးစက်မှု ဒေသတွင်း မဖြစ်ပွားစေရေး အတွက် ပါခုတ်တိုက်ကျေးရွာနှင့် ပါခုတ်နို့ကျေးရွာတို့တွင်လည်းကောင်း၊ နေ့လည်ပိုင်းတွင် ဆွတ်ဆိုင်ကျေးရွာနှင့် နမ့်လုတ်ကျေးရွာတို့တွင် (COVID-19) ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများကိုလည်းကောင်း၊ သဘာဝဘေးနှင့်ပတ်သတ်သည့် ဆောင်ရန်/ ရှောင်ရန်များကိုလည်းကောင်း Hand Speaker များ အသုံးပြုခြင်းဖြင့် အသိပညာပေး ဆော်သြခြင်း၊ hand gelများဖြင့် လက်သန့်စင်စေခြင်း၊ မဖြစ်မနေအပြင်ထွက်ရပါက mask အမြဲတပ်ဆင်သွားကြရန် အသိပေးပြောကြားပြီး mask များဖြန့်ဝေခြင်း၊ လက်သန့်စင် ဆေးကြောရန် ဆပ်ပြာခဲများပေးဝေခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင် များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများ ကပ်ခြင်းလုပ်ငန်းတို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#shn_nov2020