လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာယာဝတီမြို့နယ် ၊ စံရွေးကျေးရွာအုပ်စု၊ စံရွေးကျေးရွာ၌ (၁၂-၁၁-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမြစ်မခမြစ်ရေတိုက်စား၍ ကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၁)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀ဝ/-)ကျပ်၊ ပြောင်းရွှေ့နေအိမ်(၁)လုံးရှိ လူဦးရေ (၉)ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ(၁၈,၉၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၁၈,၉၀ဝ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုးပါ (၁)အိမ်ထောင်စာ တို့အား (၁၈-၁၁-၂၀၂၀) ရက်နေ့ ၊ (၁၀:၀၀) နာရီအချိန်တွင် သာယာဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#bgo_nov2020
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)