COVID-19 ကူးစက်ရောဂါကာကွယ်/လျော့ပါးရေးအတွက် Mask များဝေငှမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၁၁-၂၀၂၀) ရက်နေ့၊ (၀၇:၀၀) နာရီအချိန်တွင် မင်းဘူးမြို့၊ အဝိုင်းပတ်၌ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ Coronavirus Disease (Covid-19) ကာကွယ်၊ လျော့ပါးရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အခြားဌာနဆိုင်ရာများ၊ မင်းဘူးမြို့နယ်ယာဥ်ထိန်းရဲတပ်ဖွဲ့တို့နှင့်ပူး ပေါင်း၍ ပြည်သူသို့ Mask များ ဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#mgy_nov2020
Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events