ကမ်းပြိုဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်း​​​ဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လက်ပံတန်းမြို့နယ်၊​​ မြင်ကဝကျေးရွာအုပ်စု၊ သလပ်ဖက်ပင်ကုန်းကျေးရွာ၌ (၁၁-၁၁-၂၀၂၀)ရက်နေ့တွင် ​မြစ်မခ မြစ်ရေတိုက်စား၍ ကမ်းပြိုမှုဖြစ်ပွားခဲ့သောကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၂၀၀,၀၀ဝ/-)ကျပ်၊ ပြောင်းရွှေ့နေအိမ်(၂)လုံး ရှိလူဦးရေ(၁၃)ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၇,၃၀ဝ/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၂၇,၃၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ(၂)အိမ်ထောင်စာတို့အား (၁၇-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် လက်ပံတန်း​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#bgo_nov2020

Source: ပဲခူးတိုင်း​​​ဒေသကြီးဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events