လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၇-၁၁-၂၀၂၀) ရက်နေ့၊ နံနက်(၀၉:၃၀) အချိန်မှ (၁၅:၃၀)အချိန်အထိ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့်အချက် များကို ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၊ ဖြုတ်ကုန်းကျေးရွာ၊ လယ်သာကျေးရွာ၊ အင်ဂျင်းစု ကျေးရွာ၊ ထုံးဘိုကျေးရွာနှင့် ကျည်တောင်ကန်ကျေးရွာ အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆) ရပ်ကွက်များရှိ ပြည်သူများအား ထိရောက်စွာ အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#npw_nov2020
Source: နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)