လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၃၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ ကျောက်ဖြူမြို့၊ စေတီယျ ရပ်ကွက်တွင် COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုသို့ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ရှောင်ရန် အချက်များအား လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးပန်ကြားချက်များအား ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#ar
#rke_nov2020
Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)