COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးနှိုးဆော်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၁၁-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၃၀)အချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ကျောက်ဖြူမြို့၊ င/လပွေ့ရပ်ကွက်၌ COVID-19 အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိလိုက်နာဆောင်ရွက်နိုင်ရန် ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ကိုလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#rke_nov2020

Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events