COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၁၁-၂၀၂၀) ရက်နေ့တွင် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်(၂၂)မိုင်ကျေးရွာနှင့် မလိဝမ်းကျေးရွာအတွင်းရှိ  ပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးအတွက် အသိပညာပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းတို့ကို လော်စပီကာ၊ Hand Speaker များအသုံးပြု၍ နှိုးဆော်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_nov2020

Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events