လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၁၁-၂၀၂၀) ရက်နေ့ နံနက် (၀၉း၀၀)အချိန်တွင် ကျောက်မဲမြို့၊ (၈)ရပ်ကွက်အတွင်းရှိ အောင်မင်္ဂလာရပ်ကွက်၊ ရွှေစေတီရပ်၊ ကုန်းမုန်ရပ်၊ မုန်လာခြံရပ်၊ ပန်ဟတ်ကျေးရွာတို့တွင် COVID-19 ဒုတိယလှိုင်း ကာလအတွင်း ပြည်သူများလိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Mask များဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#shn_nov2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)