Covid-19 ကူးစက်ရောဂါ ပျံ့နှံ့မှုများမဖြစ်ပွားစေရန် အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၁၂-၁၁-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) အချိန်မှ (၁၄:၀၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါ ကူးစက် ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာ၊ ခေါမကျေးရွာ၊ အောင်ဇေယျကျေးရွာ၊ မွန်းတည့်ခွင်(တောင်ရွာ)၊ မွန်းတည့်ခွင်(မြောက်ရွာ) ရှိပြည်သူများအား အသိပညာပေးခြင်း လုပ်ငန်းကို ထိရောက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

#ar
#npw_nov2020

Sign Up

Upcoming Events