
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ အိပ်ပျက်အုပ်စု၊ (ဖောင်ဆိပ်၊ တာငုတ်၊ငှက်ပျောတော)ကျေးရွာတို့တွင် ကမ်းပြိုဘေးကြောင့် ရွှေ့ပြောင်းအိမ်ခြေ (၅၄)လုံးအတွက် နေအိမ် (၁)လုံးလျှင် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-)နှုန်းဖြင့် (၅၄၀၀၀၀၀/-)ကျပ်အား (၁၁-၁၁-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီ အချိန်တွင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_nvo2020