လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ တောင်ပို့တစ်ရာအုပ်စု၊ ရေလယ် သောင်ကျောင်းကုန်းကျေးရွာ၌ (၃၀-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့် အိမ်ခြေ(၂)လုံး၊ လူဦးရေ (၁၁)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၃,၁၀၀) ကျပ်တို့ကို (၄-၁၁-၂၀၂၀)ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#ayy_nov2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)