(၄-၁၁-၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြိတ်တော်ဝင်ပုလဲကုမ္ပဏီမှ မန်နေဂျာနှင့်အတူ တနင်္သာရီမြို့နယ်၊ မြေမအုံကျေးရွာရှိ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေဖြင့် (၆၀x၆၀)ပေ Cyclone Shelter တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)