လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ မန်ကျည်းကုန်း ကျေးရွာအုပ်စု၊ ဂွတောကျေးရွာ၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု (မရမ်းကုန်း၊ ရှောက်ချောင်း၊ ကြိုးကြာကွင်း၊ လယ်တီလေး၊ ဘုရားကုန်း)ကျေးရွာ၊ ထန်းဇင်လှကြို့ကုန်းကျေးရွာ အုပ်စု၊ (အင်းကလေး၊ ကွင်းလယ်စု)ကျေးရွာ၌ (၃၀-၁၀-၂၀၂၀) တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျ ပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀ဝ/-)ကျပ်၊ လူဦးရေ(၇၆)ဦးအတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာ (၁၅၉၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁၁၅၉၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၃) အိမ်ထောင်စာ (၁၀၄၅၅၉/-) ကျပ်အား (၄-၁၁-၂၀၂၀) ရက်နေ့ (၁၅:၁၅)နာရီမှ (၁၅:၃၀)နာရီအချိန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ လေဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_nov2020
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)