ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀.၁၀.၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင်  ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စု၊ ငွေသောင်ယံကျေးရွာ၌ (၂၉.၁၀.၂၀၂ဝ)ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့်  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ (၂၀) ဦးအတွက်ဆန်ရိက္ခာ(၇)ရက်စာ (၄၂၀၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၄၂၀၀၀/-) ကျပ်အား ကမ်းပြို​ဘေးသင့်ပြည်သူများလက်ဝယ် အရောက်ကွင်းဆင်း ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#sgg_oct2020

Source:  ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events