လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာတွင် (၂၇-၁၀-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)အချိန်၌ ချင်းတွင်းမြစ်ရေတိုက်စားကမ်းပါးပြိုကျမှုကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခြင်းများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ် (၂၃) လုံး၊ အိမ်ထောင်စု (၂၃) စု၊ လူဦးရေ(၉၆)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂,၃၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၀၁,၆၀ဝ) ကျပ်၊ စုစုပေါင်း (၂,၅၀၁,၆၀ဝ) ကျပ်တို့ကို (၂၈-၁၀-၂၀၂၀)ရက်နေ့၊(၁၅:၀၀)အချိန်တွင် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_rbe
#mgy_oct2020
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)