မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ၊မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၁၀-၂၀၂၀)ရက်နေ့၌ ဘီးလင်းမြို့နယ်၊ ကန်သာယာရပ်ကွက်၊ တိုးချဲ့(၃)လမ်းတွင် မီးဘေးသင့်မှုကြောင့် လူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀,၀၀၀/-)ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ(၈,၄၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ(၁၀၈,၄၀၀ိ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုးပါ အိမ်ထောင်စု(၁) စုစာအားလည်းကောင်း၊ family kit (၁)ထုပ်နှင့် ပလပ်စတစ်ရေပုံး (အဖုံးပါ) (၂)လုံးတို့အား (၂၆-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် မီးဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက် သွားရောက်ထောက်ပံခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fir
#mon_oct2020
Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events