
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၁၀-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ မြို့မ(၃)ရပ်ကွက်နှင့် မြို့မ(၄)ရပ်ကွက်တို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးခြင်းများအား အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#mon_oct2020
Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)