တိုက်ပွဲရှောင်စခန်း‌ရှိအိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၀-၂၀၂၀)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး၊ ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေးကော်မတီ(KHCC) ဥက္ကဠ၊ ကရုဏာလူမှုစည်းလုံးညီညွှတ်ရေးအသင်း (KMSS)မှ ဒါရိုက်တာ၊ မြန်မာနိုင်ငံကြပ်‌ခြေနီအသင်းမှတာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC တိုက်ပွဲရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း၊ အင်္ဂါဂါးကျေးရွာများမှ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် KMSSမှ တာဝန်ယူဆောက်လုပ်လှူဒါန်းသော နေရာသစ်ဖွင့်လှစ်ပွဲအားကျင်းပခဲ့ပြီး ပြန်လည်ရွေ့ပြောင်းနေထိုင်သည့် အိမ်ထောင်စု (၂၆)စု၊ လူဦးရေ (၁၂၉)ဦးတို့အား ကယ်ဆယ်ရေးပစ္စည်း(၂၂)မျိုးပါ (၂၆)အိမ်ထောင်စာအတွက် တန်ဖိုးငွေ(၂,၀၅၄,၀၀၀/-)ကျပ်၊ စားနပ်ရိက္ခာ(ဆန်၊ ဆီ၊ ပဲ၊ ဆား) (၁)လစာအတွက် တန်ဖိုးငွေ(၁,၅၆၁,၆၇၅/-)ကျပ်၊ ပြောင်းရွှေစရိတ် (၁)အိမ်ထောင်စုလျှင် (၁၀၀,၀၀ဝ/-)နှုန်းဖြင့် (၂,၆၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းငွေသားနှင့် ပစ္စည်းတန်ဖိုးငွေ (၆,၂၁၅,၆၇၅/-)ကျပ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန်(၁)အိတ် နှုန်းဖြင့် စုစုပေါင်း(၂၆)အိတ်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ မိုးကာ၊ Shelter Tool Kit ၊ Hygiene Kit ၊ စောင်စသည့် ပစ္စည်း(၄)မျိုး တစ်အိမ်ထောင်လျှင် (၁)စုံစီဖြင့် စုစုပေါင်းတန်ဖိုးငွေ (၂၉၉၀၀၀၀/-)ကျပ်ကို တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

#ha_otr
#kcn_oct2020

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events