
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဟင်သာဒုံး ကျေးရွာအုပ်စု၊ ဟင်သာဒုံးကျေးရွာတွင် (၁၅-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်း ရွှေ့နေအိမ် (၅) လုံး၊ အိမ်ထာင်စု(၅)စုမှ လူဦးရေ(၂၁)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၅၀၀,၀၀ဝ)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၄၄,၁၀ဝ) ကျပ်အားလည်းကောင်း၊ ဝါးခယ်မမြို့နယ်၊ဟသ်ာဒုံး ကျေးရွာအုပ်စု၊ ကုလားကျွန်းကျေးရွာတွင် (၁၇-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၃) လုံး၊ အိမ်ထောင်စု(၃)စုမှ လူဦးရေ(၁၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀,၀၀ဝ) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၂၅,၂၀ဝ) ကျပ်နှင့် ဝါးခယ်မမြို့နယ်၊ ဟသ်ာဒုံးကျေးရွာအုပ်စု၊ ဟသ်ာဒုံးကျေးရွာတွင် (၂၁-၁၀-၂၀၂၀) ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်း ရွှေ့နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃) စုမှ လူဦးရေ (၁၅) ဦးတို့်အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ (၃၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ (၃၁၅၀၀)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၁,၂၀၀,၈၀ဝ) ကျပ်အား (၂၂-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#ayy_oct2020