လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၆-၁၀-၂၀၂၀) ရက် နေ့တွင် ဆိပ်မူကျေးရွာအုပ်စု၊ ဖားပြင်ကျေးရွာ ဧရိယာနယ်မြေအတွင်းရှိ သက်တမ်းကုန် လုပ်ကွက်ကျင်းဟောင်းတွင် ဖြစ်ပွားခဲ့သော အမြင့်ပေ(၂၀၀)ခန့် ကမ်းပါးယံမှ စွန့်ပစ်မြေစာများအောက်သို့ စွန့်ပစ်ခဲ့မှုကြောင့် ကျင်းအောက်ခြေတွင် စွန့်ပစ်မြေစာထိမှန်၍ ဒဏ်ရာရရှိသူ (၁)ဦးအတွက် ထောက်ပံ့ငွေ(၅၀,၀၀၀/-)ကျပ်အား (၂၂-၁၀-၂၀၂၀)ရက်နေ့၊ (၁၁:၃၀)နာရီ အချိန်တွင် ဖားကန့်မြို့နယ်စုပေါင်းရုံး၌ ဘေးသင့်ပြည်သူထံ လက်၀ယ်အရောက် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_otr
#kcn_oct2020
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)