
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၁၀-၂၀၂၀) ရက်နေ့၌ ညောင်တုန်းမြို့နယ်၊ ကျုံရစ်ကျေးရွာအုပ်စု၊ ကျုံရစ်ကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆၃၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၀၆၃၀၀/-)ကျပ်အား (၂၁-၁၀-၂၀၂၀) ရက်နေ့ တွင် လေဘေးသင့်ပြည်သူများလက်ဝယ် အရောက်ကွင်းဆင်းထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_oct2020