လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဘူးကျွန်းကျေးရွာအုပ်စု၊ ဘူးကျွန်းကျေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့တွင် လေးပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ လူဦးရေ(၄)ဦးအတွက် ဆန်ရိက္ခါ (၇) ရက်စာ (၈၄၀၀) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၈,၄၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၁) စာအား ရေနံချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာတာဝန်ရှိသူများထံ (၂၀-၁၀-၂၀၂၀) ရက်နေ့ (၁၅:၃၀) အချိန်တွင်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw
#mgy_oct2020

Sign Up

Upcoming Events