လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (ယုံ သလင်း၊ သဲဖြူယုန်၊ ဘေးချောင်) အုပ်စု၊ ကျေးရွာခွဲ (၃) ရွာ၌ (၁၆-၁၀-၂၀၂၀)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျအိမ်ခြေ (ဝါး-၂)လုံး၊ တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-)ကျပ်၊ လူဦးရေ(၁၁)ဦး အတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ် ၊ စုစုပေါင်းထောက်ပံ့ငွေ (၂၇၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၂)အိမ်ထောင်စာတို့အားလည်းကောင်း ၊ဇုက္ကနိကျေးရွာအုပ်စု၊ဇုက္ကနိကျေးရွာတွင် (၁၈-၁၀-၂၀၂၀) ရက်နေ့၌ဖြစ်ပွားသော လေဘေးသင့် တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ(၁)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေကျပ်(၅၀,၀၀၀/-)၊လူဦးရေ(၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာထောက်ပံ့ငွေကျပ်(၁၀,၅၀၀/-) ၊စုစုပေါင်း ထောက်ပံ့ငွေကျပ်(၆၀,၅၀၀/-)ကို (၁၉-၁၀-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများ ထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_oct2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)