ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၁၀-၂၀၂၀) ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာ အုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၅) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၃၁၅၀၀/-)ကျပ် နှင့် (၁၃-၁၀-၂၀၂၀) ရက်နေ့၌ ဝါးခယ်မမြို့နယ်၊ တြိန်းကျွန်းကျေးရွာအုပ်စု၊ သာယာကျွန်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ပြောင်းရွှေ့နေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုမှ လူဦးရေ(၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်း ဖိုးထောက်ပံ့ငွေ (၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၆၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၉၇၇၇၀၀/-)ကျပ် အား(၁၄-၁၀-၂၀၂၀) ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်းမြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe
#ayy_oct2020

Sign Up

Upcoming Events