မီးဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဖားကန့်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၉- ၁၀- ၂၀၂၀) ရက်နေ့၌ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်ကျေးရွာ၊ ဘွမ်နန်အပိုင်းတွင် ဖြစ်ပွားခဲ့သော ဘုရားမီးပူဇော်သည့် ဖယောင်း တိုင်မီးမှအနီးရှိ ၀ါးထရံသို့ မီးကူးစက်လာင်ကျွမ်းခဲ့ပြီး မီးလောင်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၁)လုံး၊ မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုးပါပုံး (၁) ပုံး၊ (၇) ရက်စာ ဆန်ရိက္ခာဖိုးငွေ(၂,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၀၂,၁၀၀) ကျပ်တို့ကို (၁၄- ၁၀- ၂၀၂၀) ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် ဘေးသင့် ပြည်သူထံ လက်၀ယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_fir
#kcn_oct2020
 
 
Source: ဖားကန့်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events