လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲမြို့နယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် RCSS/SSA တို့ ထိတွေ့မှုဖြစ်ပွားသဖြင့် (၅/၆-၁၀-၂၀၂၀)ရက်နေ့၌ ကျောက်မဲမြို့နယ်၊ တောင်ထိပ်ဘုန်းတော်ကြီး ကျောင်း၊ ပုံဝိုးဘုန်းတော်ကြီးကျောင်း၊ နားဆောင်းဘုန်းတော်ကြီးကျောင်း၊ ခဲရှင်ဘုန်းတော်ကြီးကျောင်းနှင့် နောင်ကွမ်ဘုန်းတော်ကြီးကျောင်း များသို့ တိမ်းရှောင်ရောက်ရှိလာသောအိမ်ထောင်စု(၄၀၄)စု၊ လူဦးရေ (၁,၂၄၁) ဦးအတွက် ဒုတိယအကြိမ် ဆန်ရိက္ခာ(၇)ရက်စာဖိုးငွေ(၂,၆၀၆,၁၀၀)ကျပ်အား (၁၄-၁၀-၂၀၂၀)ရက် (၁၁:၀၀) နာရီအချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစိုင်းထွန်းအောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအုန်းကျော်နှင့် ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ကျောက်မဲမြို့နယ် ပရဟိတ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းချိတ်ဆက်၍ တိုက်ပွဲရှောင်ပြည်သူများ လက်၀ယ်အရောက် ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)